ထိုင်းနိုင်ငံတွင် ဧပြီလ ၄ ရက်နေ့ နေ့လည်ဘက်မှာ စမွတ်ပရာကန်မှ ဈေးအသစ် ဖွင့်ပွဲမှာ သေနတ်နဲ့ ပစ်လို့ နိုင်ငံရေးသမား ၁ ယောက်ရဲ့ သား သေဆုံးပြီး လူ ၂ ယောက် ဒဏ်ရာရသွားပါတယ်။ သေနတ်သမားဟာ အမျိုးသား ၁ ယောက်ဖြစ်ပြီး သေနတ်နဲ့ ပစ်တဲ့အတွက် ဈေးဖွင့်ပွဲလာတဲ့ ဧည့်သည်တွေ ထွက်ပြေးသွားခဲ့ကြပါတယ်။ ရဲတွေ ရောက်တဲ့အခါမှာ အမျိုးသား ၁ ယောက် သေဆုံးနေတာကို တွေ့ခဲ့ရပြီး ဒဏ်ရာရသူ ၂ ယောက်ကို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ရဲတွေက အနည်းဆုံး ကျည်ခွံ ၈ ခုကို တွေ့ခဲ့ရပါတယ်။ သံသယရှိတဲ့ သေနတ်သမားဟာ Mr Bird ဖြစ်တယ်လိုပဲ သိထားရပြီး အသက် ၃၀ ဝန်းကျင် ရှိမယ်လို ခန့်မှန်းထားပါတယ်။ သေနတ်သမားဟာ ပစ်ခတ်မှုပြီးနောက်မှာ ချက်ချင်း ထွက်ပြေးသွားပါသည်။



