အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြိုကျပျက်စီးလျက်ရှိသော အဆောက်အဦးများတွင် ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ပြည်သူများနှင့် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စတင်ဖြစ်ပွားချိန်မှ ဧပြီ ၄ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း အမျိုးသား ၂၁၇ ဦး အမျိုးသမီး ၁၈၇ ဦး စုစုပေါင်း ၄၀၄ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား ၂၀၃ ဦး ၊ အမျိုးသမီး ၁၅၅ ဦး စုစုပေါင်း ၃၅၈ ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။



