back

လောင်းလုံးတွင် လေပြင်းကြောင့် ကျောင်းဟောင်းပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရ

Apr 04 • 12:44 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

လောင်းလုံးတွင် လေပြင်းကြောင့် ကျောင်းဟောင်းပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရ

လောင်းလုံးမြို့နယ် ၊ ကဒက်ငယ်ဆိပ်ရွာတွင် ဧပြီလ ၃ ရက်က မိုးရွာစဥ် လေပြင်း တိုက်ခတ်မှုကြောင့် မူကြိုကျောင်း အဆောက်အအုံဟောင်းတစ်ခု ပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရသွားကြော...

လောင်းလုံးမြို့နယ် ၊ ကဒက်ငယ်ဆိပ်ရွာတွင် ဧပြီလ ၃ ရက်က မိုးရွာစဥ် လေပြင်း တိုက်ခတ်မှုကြောင့် မူကြိုကျောင်း အဆောက်အအုံဟောင်းတစ်ခု ပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရသွားကြောင်း ရွာသားများထံမှသိရသည် ။မိုးရွာနေစဥ် အဆိုပါ သစ်သားကာ သွပ်မိုး အဆောက်အအုံ အဟောင်းတွင် မိုးဝင်ခိုနေသည့် ကလေးသုံးဦးအနက် တစ်ဦးမှာ ပြိုကျသည့် သစ်သားအပိုင်းအစဖြင့် ဖိမိ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်သည် ။တနင်္သာရီတိုင်း အပါအဝင် နိုင်ငံအနှံအပြား တွင် ဧပြီ ပထမပတ် နှင့် ဒုတိယအပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်ဖြစ်ပြီး မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ၊ လျှပ်စီးလက်ခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက ခန့်မှန်းသတိပေးထားသည် ။



news-view-count-icon

23