မန္တလေးမြို့၊ ၇၈ လမ်းနှင့် သိပ္ပံလမ်းတွင်ရှိသော ဟိုတယ်တွင်တည်းခိုနေရင်း ငလျင်လှုပ်ခတ်မှုကြုံကာ ပိတ်မိနေသည့် ညီမဖြစ်သူအတွက် သောကများစွာဖြစ်နေကြောင်း သရုပ်ဆောင် ဟန်နာက ထုတ်ဖော်ပြောကြားသည်။ထိုဟိုတယ်မှာ အပေါ်ထပ်များ၌ အကောင်းအတိုင်းရှိနေပြီး အောက်ဘက်မြေညီထပ်အပါအဝင် နေရာများတွင် ငလျင်ကြောင့်ပြိုကျခဲ့ပြီး ငလျင်လှုပ်ချိန်တွင် အပေါ်ထပ်များ၌တည်းခိုနေထိုင်သူများက အောက်ထပ်သို့ ဆင်းပြေးလာကြရင်း ဧည့်ကြို reception ကောင်တာအနီးတွင် အများအပြားပိတ်မိနိုင်ခြင်းဖြစ်သည်ဟု ယူဆထားကြသည်။ကျန်ရစ်သည့် မိသားစုဝင်များမှာ အသက်ရှင်သန်သေးသလား၊ ကွယ်လွန်သွားသလားဆိုသည်ကို မသိဘဲ ဟိုတယ်အနီး၌ တငိုငိုတရယ်ရယ်ဖြစ်နေကြကြောင်း၊ ပိတ်မိသူများအနက်မှ အသက်ရှင်သန်သူများရှိနေကြောင်း အချက်ပြနေသည့် အခြေအနေမျိုးရှိနေခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များက ဧပြီ ၄ ရက်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်လာခြင်းများ ရှိနေကြောင်း သိရသည်။



