မြန်မာနိုင်ငံတွင် ပြင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုများ အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Quad ကနေ အမေရိကန် ဒေါ်လာ သန်း ၂၀ ကူညီထောက်ပံ့ပေးသွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ Quad တွင် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယ စသည့်လေးနိုင်ငံစုစည်း၍ ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့ဖြစ်သည်။ Quad ၏ ပူးတွဲထုတ်ပြန်ချက်တွင် “ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ် ခဲ့သော ငလျင်အပြီး မြန်မာနှင့် ထိုင်းပြည်သူများအား အလေးအနက်ထား၍ ဝမ်းနည်းကြေကွဲမိပါသည်”ဟု ပြော ကြားထားသည်။
| 12 | 0 | 0 | 0 |


