ယနေ့(ဧပြီလ ၄ ရက်)တွင်ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုလဲခဲ့သည့်မန္တလေးလေဆိပ်ကို ပြန်ဖွင့်လိုက်ပြီး လေယာဉ်ခရီးစဉ်အချို့ ပျံသန်းပြေးဆွဲနေကြောင်း ဒေသခံများထံမှ သိရပါတယ်။မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ပျက်စီးပြိုလဲမှုများကြုံပြီးနောက်တွင် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့သလို ယနေ့(ဧပြီ ၄ ရက်)တွင် ပြန်ဖွင့်၍ နံနက် ၆ နာရီမှစတင်ကာ လေယာဉ်ခရီးစဉ်အချို့ ပျံသန်းနေခြင်းလည်းဖြစ်ပါတယ်။ငလျင်ကြောင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း ပျက်စီးမှုများရှိခဲ့ရာ ငလျင်ဖြစ်ပွားရာရက်မှ စတင်ပိတ်ထားခဲ့ရာမှ ဧပြီ ၅ ရက်တွင်ပြန်လည်ဖွင့်လှစ်ပေး၍ လေကြောင်းခရီးစဉ်များ ပြေးဆွဲပေးရန် စီစဉ်နေကြောင်းလည်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။



