အကယ်ဒမီ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကတော့
အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှုအခိုက်အမာရရှိထားတဲ့ အင်းလေးဒေသဘက်ကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ပြီး အားပေးနှစ်သိမ့်စကားတွေကို ပြောဆိုအားပေးခဲ့ရာ“ စဖြစ်ကတည်းက သတင်းတွေ Online News တွေ မြင်ရကြားရပြီး ငလျင်ဒဏ်သင့်ဒေသတွေအတွက် အရမ်းဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကိုယ်လက်လှမ်းမှီသလောက် ကူလို့ လှူလို့ရတဲ့နေရာတွေ ကူရင်း ဒီနေ့တော့ စိတ်ပူရတဲ့ အင်းလေးကို ရောက်ခဲ့တယ်။ အင်းထဲရောက်တော့ အင်းသူအင်းသားတွေရဲ့ ရင်ဖွင့်သံ အင်းထဲကရွာတွေရဲ့ အပျက်အစီးတွေ မြင်ရတော့ စိတ်မကောင်းထပ်ဖြစ်ရပါတယ်လို့ဆိုပါတယ်။


