ပြည်တွင်းရှိ ငလျင်ဒဏ်ကိုခံစားရသည့် ဒေသများသို့ လိုအပ်သည့်သွေးများလှူဒါန်းနိုင်ရန် ရန်ကုန်တွင် သွေးလှူဒါန်းပွဲကျင်းပခဲ့ရာတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူ(၃၉၉)ဦးတို့မှ လှူဒါန်းပေးခြင်းဖြစ်
ပါတယ်။ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက ပေးပို့နိုင်ရေးအတွက် ပြည်သူများမှသွေးလှူဒါန်းခဲ့ကြပါတယ်။


