back

မြန်မာ့ငလျင်ဒဏ်သင့်ဒေသတွေမှာ အုပ်စုဖွဲ့လုယက်မှုနဲ့ ပစ္စည်းခိုးယူမှုတွေ ဖြစ်ပွားနေ

Apr 04 • 4:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ငလျင်ဒဏ်သင့်ဒေသတွေမှာ အုပ်စုဖွဲ့လုယက်မှုနဲ့ ပစ္စည်းခိုးယူမှုတွေ ဖြစ်ပွားနေ

မြန်မာ့ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေး၊နေပြည်တော် ၊စစ်ကိုင်း ဒေသတွေက ငလျင်ဒဏ်သင့်ပြည်သူတွေမှာ အုပ်စုဖွဲ့လုယက်မှုနဲ့ ပစ္စည်းတွေခိုးယူခံရခြင်းတွေ ရင်ဆ...

မြန်မာ့ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေး၊နေပြည်တော် ၊စစ်ကိုင်း ဒေသတွေက ငလျင်ဒဏ်သင့်ပြည်သူတွေမှာ အုပ်စုဖွဲ့လုယက်မှုနဲ့ ပစ္စည်းတွေခိုးယူခံရခြင်းတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။နေပြည်တော်ကောင်စီနယ်မြေထဲမှာဆိုရင် ငလျင်ဒဏ်သင့်လို့ ဒုက္ခရောက်နေတဲ့ ဝန်ထမ်းအိမ်ယာတွေ ၊ လမ်းပေါ်မှာ ယာယီတဲထိုးပြီး နေထိုင်နေရတဲ့ ပြည်သူတွေကို အုပ်စုလိုက်အဖွဲ့တွေလာရောက်ပြီး လုယက်တာ ၊ အိမ်ပြောင်းရွှေ့မယ့်ပုံစံလုပ်ပြီး အဆောက်အဦးအပျက်ထဲကပစ္စည်းတွေကို အုပ်စုလိုက်သယ်ယူနေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ငလျင်လှုပ်ခတ်မှုအပြီးမှာ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ဒေသတွေမှာ ပစ္စည်းခိုးယူတဲ့အဖွဲ့တွေပိုများလာတာဖြစ်ကြောင်း နဲ့ ဒေသအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ လုံခြုံရေး ပိုင်းကို အထူးဂရုစိုက်လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။



news-view-count-icon

21