back

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၄၄ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇ ဒသမ ၅ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့

Apr 04 • 2:34 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၄၄ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇ ဒသမ ၅ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့

မတ်လ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးသို့ ကျော်စွာထွန်း မောင်းနှင်လာသည့် M...

မတ်လ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးသို့ ကျော်စွာထွန်း မောင်းနှင်လာသည့် MITSUBISHI CANTER ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဂေါ်ဖီထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂ဝဝ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မော်တော်ယာဉ်အား ကျော်စွာထွန်း ထံ အပ်နှံသူ တင့်လွင်မိုး ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် ဖမ်းဆီးရမိခဲ့ပြီးစိတ်ကြွရူးသွပ်ဆေးပြားများ လာရောက်ယူဆောင်သူ များဖြစ်သည့် ရဲမင်း(ခ)နွားကြီးနှင့် မကေသွယ်မိုး တို့အား ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်းတွင် FOTON VIEW မော်တော်ယာဉ်တစ်စီးနှင့်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများအား လက်ခံရယူသူ ကိုစိုင်း(ခ)စိုင်းထွန်းအောင်ကျော်(ခ)မောင်အောင်နိုင်(ခ)သားကြီး အား ပြည်ကြီးတံခွန်မြို့နယ်၊ ၆ဝ x ၁ဝ၇ လမ်းထောင့်ရှိ ဟိုတယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ကိုစိုင်း(ခ)စိုင်းထွန်းအောင်ကျော်(ခ)မောင်အောင်နိုင်(ခ)သားကြီး ထံသို့ စိတ်ကြွ ရူးသွပ်ဆေးပြားများ လာရောက်ပို့ဆောင်မည့် စောသန့်စင်(ခ)ကိုရဲ နှင့် အောင်ကျော်လေး(ခ) ရဲမင်းအောင် တို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ်တွင် ဆက်လက်ဖမ်းဆီးရမိ ခဲ့ပြီး ၎င်းတို့ ၂ ဦးထံသို့ စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ရန်လာရောက်လျက်ရှိသည့် လူအေး အား ချမ်းမြသာစည်မြို့နယ်၊ ၊ ၁၁၀ လမ်း၊ ၅၄ × ၅၅ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းရွာသစ်ကျေးရွာရှိ လူအေး ၏ နေအိမ်နှင့် ခြံဝင်းအတွင်းရှိ ALPHARD ယာဉ်ပေါ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇ ဒသမ ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄၄ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ၏ ပိုင်ရှင်မှာ စိုင်းနေလင်းထွေး(ခ)လင်းထွေး ဖြစ်ကြောင်း၊ စိုးစိုး(ခ)စိုင်းစိုးမြင့်၊ အောင်ကျော်လေး(ခ)ရဲမင်းအောင် နှင့် စောသန့်စင်(ခ)ကိုရဲ တို့ထံ စိတ်ကြွရူးသွပ် ဆေးပြားများ လွှဲပြောင်းပေးခဲ့သူမှာ နော်မိန်း(ခ)အောင်နိုင် ဖြစ်ကြောင်း၊ စိုးစိုး(ခ)စိုင်းစိုးမြှင့် မှ တင့်လွင်မိုး၊ အောင်စည်သူ၊ ကျော်စွာထွန်း၊ ရဲမင်း(ခ)နွားကြီးနှင့် မကေသွယ်မိုး တို့အား အဆင့်ဆင့် သယ်ဆောင်စေပြီး ကိုစိုင်း(ခ)စိုင်းထွန်းအောင်ကျော်(ခ)မောင်အောင်နိုင်(ခ)သားကြီး ထံသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ အလားတူ အောင်ကျော်လေး(ခ)ရဲမင်းအောင် နှင့် စောသန့်စင်(ခ)ကိုရဲ တို့ ၂ ဦးမှလည်း နေမျိုးအောင် ချိတ်ဆက်ပေးသည့် လူအေး အား သယ်ဆောင်စေပြီး ကိုစိုင်း(ခ)စိုင်းထွန်းအောင်ကျော်(ခ)အောင်နိုင်(ခ)သားကြီး ထံသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

13