ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ထီဗွာကျေးရွာအုပ်စု၊ မြောက်ထီဗွာရွာတွင် မတ်လ(၂၈)ရက်နေ့၌ လှုပ်ခတ်သွားသည့်ငလျင်ကြောင့် ဒေသခံနေအိမ်(၃၀)နီးပါးပျက်စီးသွားသဖြင့် အကူအညီများလိုအပ်နေသလိုပင်လောင်းမြို့နယ်၊ မြောက်ထီဗွာရွာတွင် ငလျင်ဒဏ်ကြောင့်ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးရပြီး ယခုချိန်ထိအကူအညီများမရရှိသေးကြောင်း ဧပြီလ(၃)ရက်နေ့တွင် ဒေသခံထံမှ သိရပါတယ်။ငလျင်ဒဏ်ကြောင့် ထီဗွာရွာသို့ English Speakingလာသင်ပေးသည့် ဆရာမတစ်ဦး ခြေထောက်၌ ထိခိုက်ဒဏ်ရာရှိသွားပြီး ကလေးအမေတစ်ဦးသည်လည်း ဦးခေါင်းပေါ် အုတ်ခဲပြုတ်ကျမှုကြောင့် ခေါင်းဒဏ်ရာရရှိသွားကြောင်း ဒဏ်ရာအခြေနေက နှစ်ဦးစလုံးမစိုးရိမ်ရဘဲငလျင်ဒဏ်ကြောင့် ရွာထဲရှိစာသင်ကျောင်းလည်းထိခိုက်မှုရှိနေပြီး ဆောက်လုပ်ပြီးစီးတာမကြာသေးသည့် ဘုန်းကြီးကျောင်းလည်း ထိခိုက်မှုရှိနေကြောင်း သိရပါတယ်။ကူညီပေးမည့်အလှူရှင်များရောက်လာခြင်းမရှိသဖြင့် ထီဗွာရွာသူရွာသားများက ကိုယ်ထူကိုယ်ထဖြင့် နေအိမ်ဖြိုဖျက်နေရပြီး ငွေရေးကြေးရေးအဆင်မပြေသည့်ဒေသခံများက အခြားသူများထံ ပိုက်ဆံချေးကာ ဆောင်ရွက်နေရကြောင်း သိရသည်။
ငလျင်ဘေးကြုံတွေ့နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မြောက်ထီဗွာရွာတွင် အင်တာနက်လိုင်းအခက်အခဲကြောင့် အကူအညီများမရရှိသေး
Apr 04 • 2:07 AM
မြန်မာ
ရှမ်း
မျှဝေမည်
5 | 0 | 0 | 0 |