menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2025 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ငလျင်ဘေးကြုံတွေ့နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မြောက်ထီဗွာရွာတွင် အင်တာနက်လိုင်းအခက်အခဲကြောင့် အကူအညီများမရရှိသေး

Apr 04 • 2:07 AM

breaking-news

မြန်မာ

ရှမ်း

breaking-newsbreaking-news

မျှဝေမည်

share-news
cover

ငလျင်ဘေးကြုံတွေ့နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မြောက်ထီဗွာရွာတွင် အင်တာနက်လိုင်းအခက်အခဲကြောင့် အကူအညီများမရရှိသေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ထီဗွာကျေးရွာအုပ်စု၊ မြောက်ထီဗွာရွာတွင် မတ်လ(၂၈)ရက်နေ့၌ လှုပ်ခတ်သွားသည့်ငလျင်ကြောင့် ဒေသခံနေအိမ်(၃၀)နီးပါးပျက်စီးသွား...

cover-photo

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ထီဗွာကျေးရွာအုပ်စု၊ မြောက်ထီဗွာရွာတွင် မတ်လ(၂၈)ရက်နေ့၌ လှုပ်ခတ်သွားသည့်ငလျင်ကြောင့် ဒေသခံနေအိမ်(၃၀)နီးပါးပျက်စီးသွားသဖြင့် အကူအညီများလိုအပ်နေသလိုပင်လောင်းမြို့နယ်၊ မြောက်ထီဗွာရွာတွင် ငလျင်ဒဏ်ကြောင့်ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးရပြီး ယခုချိန်ထိအကူအညီများမရရှိသေးကြောင်း ဧပြီလ(၃)ရက်နေ့တွင် ဒေသခံထံမှ သိရပါတယ်။ငလျင်ဒဏ်ကြောင့် ထီဗွာရွာသို့ English Speakingလာသင်ပေးသည့် ဆရာမတစ်ဦး ခြေထောက်၌ ထိခိုက်ဒဏ်ရာရှိသွားပြီး ကလေးအမေတစ်ဦးသည်လည်း ဦးခေါင်းပေါ် အုတ်ခဲပြုတ်ကျမှုကြောင့် ခေါင်းဒဏ်ရာရရှိသွားကြောင်း ဒဏ်ရာအခြေနေက နှစ်ဦးစလုံးမစိုးရိမ်ရဘဲငလျင်ဒဏ်ကြောင့် ရွာထဲရှိစာသင်ကျောင်းလည်းထိခိုက်မှုရှိနေပြီး ဆောက်လုပ်ပြီးစီးတာမကြာသေးသည့် ဘုန်းကြီးကျောင်းလည်း ထိခိုက်မှုရှိနေကြောင်း သိရပါတယ်။ကူညီပေးမည့်အလှူရှင်များရောက်လာခြင်းမရှိသဖြင့် ထီဗွာရွာသူရွာသားများက ကိုယ်ထူကိုယ်ထဖြင့် နေအိမ်ဖြိုဖျက်နေရပြီး ငွေရေးကြေးရေးအဆင်မပြေသည့်ဒေသခံများက အခြားသူများထံ ပိုက်ဆံချေးကာ ဆောင်ရွက်နေရကြောင်း သိရသည်။



news-view-count-icon

14

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ အချိန်တွင် မိုးဇလမှထုတ်ပြန်ချက်

Tiktok cele တိုးအောင်ဟာသူ့ရဲ့အထည်ဆိုင်ကို လာအားပေးတဲ့ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေကို ယူသမျှအားလုံးကို လက်ဆောင်တွေပေးခဲ့

cover-photo
right-arrow-icon