ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra သည် ဧပြီလ ၃ ရက် ကြာသပတေးနေ့တွင် ထိုင်းသည် နှစ်နိုင်ငံစလုံးအတွက် တရားမျှတသောကုန်သွယ်မှုသေချာစေရန်အတွက် အမေရိကန်ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသော အခွန်စည်းကြပ်မှုများကို ညှိနှိင်းပြင်ဆင်ရန် အဆင်သင့်ရှိကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအများအပြားအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တန်ပြန်အကောက်ခွန် စည်းကြပ်ခွန်များ ချမှတ်ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ဧပြီလ ၉ ရက်နေ့မှ စတင်၍ အာဆီယံတွင် အမြင့်ဆုံးဖြစ်သည့် Trump မှ စည်းကြပ်ခွန် ၃၆ ရာခိုင်နှုန်း ချမှတ်ခံရမည် ဖြစ်သည်။



