back

ငလျင်ကြောင့်မန္တလေးအခြေပြုခရီးသွားလုပ်ငန်းများရပ်ဆိုင်းသွား

Apr 03 • 12:10 PM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ကြောင့်မန္တလေးအခြေပြုခရီးသွားလုပ်ငန်းများရပ်ဆိုင်းသွား

ပြီးခဲ့သော မတ်လကုန်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး လက်ရှိကာလတွင် မန္တလေးအခြေပြု ခရီးသွားလုပ်ငန်းများ အားလုံးမှာ ရပ်ဆိုင်းသွားကြောင်း အဆိုပါလုပ်ငန်းလုပ်...

ပြီးခဲ့သော မတ်လကုန်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး လက်ရှိကာလတွင် မန္တလေးအခြေပြု ခရီးသွားလုပ်ငန်းများ အားလုံးမှာ ရပ်ဆိုင်းသွားကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ထိုငလျင်ကြောင့် မန္တလေးမြို့တွင် ခရီးသွားများစိတ်ဝင်စားစရာ အထင်ကရနေရာအများစု၌ ပျက်စီးသွား ပြီး ခရီးသွားဧည့်သည်များ ဓာတ်ပုံအလှရိုက်လေ့ရှိသော စစ်ကိုင်းတံတားဟောင်းမှာလည်း ပြိုကျသွားခဲ့ရသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် အရှည်ဆုံးကျွန်းသစ်တံတားအဖြစ် ခရီးသွားဧည့်သည်များကြား ရေပန်းစားသော တောင် သမံအင်းမှ ဦးပိန်တံတားတွင်လည်း အုတ်တိုင်ရှိရာနေရာအချို့ ပျက်စီးသွားခဲ့ပြီး လတ်တလောတွင် ပိတ်ထားကာ တံတား၏ကြံ့ခိုင်ရေးအတွက် အသေးစိတ်ပြန်လည်စစ်ဆေးပြီးမှသာ ဖွင့်လှစ်ရန်စီစဉ်ထားခြင်းများလည်း ရှိကြောင်း သိရသည်။ယခုလို နွေကျောင်းပိတ်ချိန်ကာလတွင် မန္တလေးမြို့သို့ ပြည်တွင်းမှခရီးသွားများလည်း လာရောက်လည်ပတ်လေ့ရှိပြီး ခရီးသွားလုပ်ငန်းများအပါအဝင် ဆက်နွယ်လည်ပတ်နေသော ရောင်းဝယ်ဖောက်ကားသူများပင်လျင် အလုပ်ဖြစ်ခဲ့သော အခြေအနေမှ လက်ရှိတွင် ငလျင်ကြောင့် လုပ်ငန်းများရပ်ဆိုင်သွားကာ စားဝတ်နေရေးအတွက်ပင် အခက်ကြုံလာကြောင်း သိရသည်။



news-view-count-icon

17