ငလျင်ကြောင့် မန္တလေးမြို့တွင်းရှိ ဗလီများပြိုကျမှုအတွင်း သေဆုံးသူအရေအတွက်မှာ ၂၀၂၅ ခုနှစ် ဧပြီလ (၃)ရက်နေ့အထိ ရာဂဏန်းရှိနေပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း ကျောက်ဗလီလူမှုဆောင်ရွက်ရေးအသင်းထံမှ သိရသည်။အဆိုပါလူမှုဆောင်ရွက်ရေးအသင်းမှ သဂြိုလ်ပေးထားသည့်စာရင်းအပြင် မန္တလေး အမရပူရမြို့နယ် ဗုံးအိုးရွာတွင်လည်း ငလျင်ဒဏ်ကြောင့် သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင် (၁၅၀)ဦးဝန်းကျင်ရှိကြောင်း သိရသည်။ငလျင်ကြောင့် မန္တလေးမြိုတွင်းရှိ ဗလီအားလုံးနီးပါးမှာ ဖြိုချရမည့်အခြေအနေဖြစ်သွားပြီး ဗလီအနည်းငယ်ဝန်းကျင်သာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။



