မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းအဟောင်းတွင် India Medical team က ယာယီဆေးရုံ ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်လျက်ရှိသည်။အဆိုပါ ယာယီဆေးရုံသည် လူနာ ၁၀၄ ဦးကို ခွဲစိတ်ကုသမှုများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးထားပြီဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။ဆေးဝါး ကုသမှုများနှင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လိုပါက ဖုန်း0994245995၊ 0969239701 တို့ကို ဆက်သွယ် ချိတ်ဆက်၍ သွားနိုင်ကြောင်း သိရသည်။



