ကချင်ပြည်နယ်၊ မိုင်ဂျာယာန်နှင့် လွယ်ဂျယ်မြို့ရှိ လေးလကြာပိတ်ပင်ထားခဲ့သည့်တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များတွင် တရုတ်ဘက်မှ မတ်လ၂၈ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သောကြောင့် ကုန်ပစ္စည်း ကန့်သတ်ထားခြင်းမရှိဘဲ ကုန်သွယ်ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။အဆိုပါ နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ပေးရန် တရုတ်နယ်စပ်ဒေသရှိ ပြည်သူများ ပေကျင်းတရုတ်အစိုးရရုံးထံ စာအကြိမ်ကြိမ်တင် တောင်းဆိုမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။



