back

ငလျင်ကြောင့်တောင်ကြီးCitySquare Shopping Center မှ ဧပြီလ ၃ ရက်တွင် အိုးရှင်းစင်တာ တိမ်းစောင်းခြင်း မရှိကြောင်းနှင့် လိုင်စင်ရ အင်ဂျင်နီယာများ လာရောက် စစ်ဆေးနိုင်ကြောင်း ဖိတ်ခေါ်နေ

Apr 03 • 8:59 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ငလျင်ကြောင့်တောင်ကြီးCitySquare Shopping Center မှ ဧပြီလ ၃ ရက်တွင် အိုးရှင်းစင်တာ တိမ်းစောင်းခြင်း မရှိကြောင်းနှင့် လိုင်စင်ရ အင်ဂျင်နီယာများ လာရောက် စစ်ဆေးနိုင်ကြောင်း ဖိတ်ခေါ်နေ

အင်အားပြင်း ငလျင်ဒဏ်ကြောင့် တောင်ကြီးအိုးရှင်း စင်တာ တိမ်းစောင်းခြင်းမရှိကြောင်းနှင့် လိုင်စင်ရ အင်ဂျင်နီယာများ လာရောက် စစ်ဆေးနိုင်ကြောင်း CitySquare Shopping C...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် တောင်ကြီးအိုးရှင်း စင်တာ တိမ်းစောင်းခြင်းမရှိကြောင်းနှင့် လိုင်စင်ရ အင်ဂျင်နီယာများ လာရောက် စစ်ဆေးနိုင်ကြောင်း CitySquare Shopping Center မှ ဖိတ်ခေါ်ထားသည်။ဧပြီလ ၃ ရက်တွင် ယင်း ထုတ်ပြန်ချက်ကို အသိပေးခဲ့ပြီး အဆောက်အဦးကြံ့ခိုင်မှုနှင့်ပတ်သက်၍ သံသယ တစ်စုံတစ်ရာရှိပါက မည်သူမဆို သက်ဆိုင်ရာ လိုင်စင်ရ ကျွမ်းကျင်ပညာရှင်များနှင့်တကွ လာရောက်စစ်ဆေးနိုင်ပါရန် ကြိုဆိုလျက်ရှိပါကြောင်း ဖိတ်ခေါ်ထားပါတယ်။City Square Shopping Center သည် စတင်တည် ဆောက်စဉ်ကတည်းက သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ရန် Foundation, Structure များကို ပုံမှန်ထက်သာလွန်ရန်အဘက်ဘက်မှ တွက်ချက်တည်ဆောက်ထားသော အဆောက်အဦးဖြစ်ပြီး၊ ငလျင်သတ်မှတ်ချက်အရ Zone (4) တွင်ပါရှိသော တောင်ကြီးမြို့ ငလျင်ပြင်းအားကိုပင် ယခုကဲ့သို့ ကြံ့ကြံ့ခံနိုင်ခဲ့ရာတောင်ကြီးမြို့ခံ များသည် အိုးရှင်းစင်တာတွင် စျေးရောင်း၊ စျေးဝယ်ရမည်ကို စိုးရိမ်မှု ရှိကြောင်း ဝေဖန်နေကြခြင်း ဖြစ်ပြီး ၊ တိကျသော စမ်းသပ်ချက် ရလဒ်များကိုလည်း ထုတ်ပြန်ပေးသွားရန် တောင်းဆိုထားခြင်း ဖြစ်သလိုCity Square Shopping Center မှ ဧပြီလ(၁) ရက်နေ့တွင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ Column တိုင်များကို concrete rebound စစ်ဆေးခြင်း ၊ ဧပြီလ (၂) ရက် တွင် column တိုင်များ ၊ slab များ အတွင်းကြေမွခြင်းရှိ၊ မရှိကို Ultrasonic စက်များဖြင့် စစ်ဆေးခြင်း တို့ကို ဓါတ်ပုံမှတ်တမ်းများဖြင့် တကွ ဖော်ပြလာခြင်း လည်းဖြစ်ပါတယ်။



news-view-count-icon

22