back

မြန်မာ့ငလျင်ဘေးအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမည်

Apr 03 • 8:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ငလျင်ဘေးအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမည်

မြန်မာ့ငလျင်ဘေးအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် မှာ ထုတ်...

မြန်မာ့ငလျင်ဘေးအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် မှာ ထုတ်ပြန်လိုက်ရာအခုထပ်မံပေးအပ်သွားမယ့် အကူအညီတွေထဲမှာတော့ အစားအစာ၊ ရေနဲ့ သန့်ရှင်းရေး၊အရေးပေါ်ကျန်းမာရေးနဲ့ ပညာရေးတို့အတွက် သြစတြေးလျ NGO တွေနဲ့ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် ဒေါ်လာ ၃ သန်းခွဲ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အရေးပေါ် တောင်းခံမှုအတွက် ဒေါ်လာ ၅ သိန်းနဲ့ အာဆီယံရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA CENTRE) က တဆင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေအတွက် ဒေါ်လာ ၃ သန်းစီ ပါဝင်နေပါတယ်။ဩစတြေးလျရဲ့ အကူအညီဟာ ICRC နဲ့ အရေးပေါ် ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပေးအပ်တာ အပါအဝင် အသက်ကယ်ဆယ်ရေး ပံ့ပိုးမှုတွေကို ချက်ချင်းလုပ်ဆောင်ဖို့ အထောက်အကူဖြစ်စေနိုင်မည်လို့ ဆိုပါတယ်။


news-view-count-icon

15