back

ရှမ်းပြည်နယ်တောင်ကြီးတွင် လျှပ်စစ်မီးပြန်ရပြီး ရေတင်သော်လည်း ရေများနှောက်၍ အသုံးပြု၍မရသေးဖြစ်နေ

Apr 03 • 8:00 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ကြီးတွင် လျှပ်စစ်မီးပြန်ရပြီး ရေတင်သော်လည်း ရေများနှောက်၍ အသုံးပြု၍မရသေးဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မတ်လ ၂၈ ရက်၌ အင်အားပြင်းငလျင်ကြောင့် (၅)ရက်တာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ရေများပြတ်လပ်ကာ ရေကားတစ်စီး ကျပ်(၄သော...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မတ်လ ၂၈ ရက်၌ အင်အားပြင်းငလျင်ကြောင့် (၅)ရက်တာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ရေများပြတ်လပ်ကာ ရေကားတစ်စီး ကျပ်(၄သောင်း)ပေး၍ ဝယ်ယူသုံးစွဲနေရပြီး ယခုရက်ပိုင်း လျှပ်စစ်မီး ပြန်လည်ရရှိသော်လည်း ရေတင်ရာတွင် ရေများနှောက်နေ၍ သုံးစွဲမရဖြစ်နေခြင်းလည်းဖြစ်ပါတယ်။ တောင်ကြီးမြို့ အဝီစိတွင်း အသုံးပြု၍ ရေရောင်းနေသူများမှာလည်း ရေတွင်းအားလုံးနီးပါး နုံးများဖြင့် ပိတ်ဆို့နေသောကြောင့် ရေတင်၍ မရကြောင်း ရေရောင်းသမားများထံမှ သိရပါတယ်။ယခုလက်ရှိတောင်ကြီးမြို့တွင်ငလျင်ဘေးဒဏ် ကျရောက်နေချိန် သင်္ကြန်အတွက် အကတိုက်မှုများ လုပ်ဆောင်နေပြီး ရှင်လောင်းပွဲများလည်း လုပ်ဆောင်နေပါတယ်။




news-view-count-icon

15