၃.၄.၂၀၂၅ ရက်ယနေ့တွင်မန္တလေးတိုင်းဒေသကြီးတွင် ငလျင်လှုပ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက်၊ ၉x၁၀ လမ်း၊ ၈၀ လမ်း တွင် RC ၄ ထပ်အဆောက်အဦး ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ရန်ကုန်တိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။



