မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့်ဆက်သွယ်ရေးစခန်းပေါင်း ၂၆၃၂၂၇ ခုရှိရာက ငလျင်ဒဏ်ကြောင့် ၆၇၃၀ ပျက်စီးခဲ့တာကြောင့် ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကဆိုပြီးပျက်စီးခဲ့တဲ့ ဆက်သွယ်ရေးစခန်းတွေကို ကျွမ်းကျင်ဝန်ထမ်းတွေ၊အရံစက်ပစ္စည်းတွေနဲ့ ကြိုးပမ်းပြင်ဆင်မှုကြောင့် လက်ရှိမှာ ဆက်သွယ်ရေး စခန်း ၃၃၀၀ကို ပြင်ဆင်ပြီးဖြစ်တယ်လို့ ပို့ဆောင် ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ငလျင်ကြောင့် နေပြည်တော််မှာရှိတဲ့ E Learning centre နှစ်ခု ပျက်စီးခဲ့သလို၊ National Server Security Centre ကလည်း အကြီးမားဆုံး ပျက်စီးမှုဖြစ်ခဲ့ပြီး၊ E Government Data Centre လည်း ပျက်စီးခဲ့ကာအဲဒီပျက်စီးခဲ့တဲ့ အဆောက်အအုံတွေနဲ့ ဆက်သွယ်ရေးစခန်းတွေကို အမြန်ဆုံးပြုပြင်ပြီး မကြာခင်မှာ သတင်းအချက်အလက်နဲ့ ဆာဗာလုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေကိုပုံမှန်လည်ပတ်သွားမယ်လို့ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးစခန်း ၆၇၃၀ ပျက်စီးပြီး ဆက်သွယ်ရေး ပြတ်တောက်မှုဖြစ်ပေါ်နေ
Apr 03 • 6:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


