၃.၄.၂၀၂၅ ရက်ယနေ့၊ ၁၂ နာရီ၁၈ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဓနိကျေးရွာ၊ မဇ္ဓျမဂုဏ်ရည်ကျောင်းတိုက်အနီးတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ၄၈ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။



