မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် MYF လူငယ်အဖွဲ့တို့ ကူညီကယ်ဆယ်ရေး နှင့် ပြိုကျပျက်စီးနေမှုများအား လုပ်အားပေးရှင်းလင်းရေး ခရီးစဉ် (ပျဉ်းမနား၊ ရမည်းသင်း၊ မန္တလေး) ကိုစတင်နေပြီဖြစ်ကြောင်း သိရသလိုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အင်အား အလွန် ပြင်းထန်သော မြေငလျင် ဘေးဒဏ် သက်ရောက်မှုခံရသူများနှင့် ဒေသများအား ကူညီရန်
အရေးပေါ် အစားအစာနှင့် လိုအပ်မှုများအတွက် ချက်ချင်းကူညီမှုများ စီစဉ်ပေးရန်ရည်ရွယ်ပြီး "MRF Operation AID - Action in Disaster" အရေးပေါ်လှုပ်ရှားမှုအဖွဲ့(Task Force) အသစ်တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။


