၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ ကားကြီးဝင်းအတွင်းရှိ မြတ်မင်္ဂလာမော်တော်ယာဉ်ဂိတ်၌ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အမျိုးသမီးငယ်များအား သွေးဆောင်ဖြားယောင်း၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားနေသည့် မြတ်သူ ဆိုသူကို အမျိုးသမီးငယ်တစ်ဦးနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သလိုဆက်လက်၍ အဆိုပါ တရားခံမြတ်သူအား စစ်ဆေးခဲ့ရာ အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ချိတ်ဆက် ပို့ဆောင်ပေးနေသည့် လူမှောင်ခိုပွဲစားဖြစ်သူ သန်းဌေးဝင်း(ခ)သန်းဌေးအား မတ်လ ၂၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ခေမာသီလမ်းရှိ Relex မိုတယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံ မြတ်သူနှင့် လူမှောင်ခိုပွဲစား သန်းဌေးဝင်း(ခ) သန်းဌေးတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများနှင့်အညီ ထိထိရောက်ရောက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော မီးမီး၊ ဇော်ထက်၊ သားကြီး၊ အခွန်နှင့် သူရဇော်တို့အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ရန်ကုန်၌ တယ်လီဂရမ်မှာ ရည်းစားဖြစ်ခဲ့သူ မိန်းကလေး ၂ ဦးထက်မနည်းကို ကာမရယူပေါင်းသင်းပြီး တရုတ်နိုင်ငံသို့ ရောင်းစားနေသူ အမျိုးသားအပါအဝင် လူပွဲစား တရားခံ ၂ ဦးအား ဖမ်းဆီးရမိ
Apr 03 • 2:37 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 29 | 0 | 0 | 0 |

သရုပ်ဆောင် စမိုင်းလ်တို့မိသားစုဟာ သစ်တံခါးဆရာတော်ဘုရားကြီးနဲ့အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းပေါင်း ၁၁၁၁ သိန်းလှူဒါန်းခဲ့
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဗလသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ်(၂၂၀၄) အဆောက်အဦးပြိုကျ၍ ပိတ်မိနေရာသေဆုံးသူ မ(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့

