မေဂျာလိဂ်ဟာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့သက်တော်စောင့်ဖြစ်တဲ့ ချူကို-ကို အင်တာမိုင်ယာမီ အသင်းပွဲစဉ်တွေမှာ ကွင်းဘေးစည်းဝင်ရောက်ပြီး သူ့ရဲ့ကစားသမားကို ကာကွယ်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ချူကိုဟာ မက်ဆီရဲ့သက်တော်စောင့်အဖြစ် စတင်တာဝန်ယူချိန်ကတည်း သူ့ရဲ့ကစားသမားဆီကို ဦးတည်လာတဲ့ ကွင်းအတွင်းကျူးကျော်ဝင်ရောက်လာသူတွေကို ရပ်တန့်ဖို့အတွက် လူအုပ်ကြီးကို အနီးကပ်ကြည့်ရှုနေခဲ့တာပါ။



