ယခုနောက်ပိုင်းတွင် ရာသီဥတုအလွန်ပူပြင်းလာပြီး နေ့လယ်နေ့ခင်းအချိန်များတွင် ကားမီးလောင်တတ် သည့် ဖြစ်ရပ်များလည်း ကြုံတွေ့လာရပြီး ကားမီးလောင်မည့်အန္တရာယ်များအတွက် သတိပြုရန် အရေးကြီးလာ ကြောင်း ရန်ကုန်အခြေစိုက် မီးသတ်အရာရှိအချို့နှင့် ယာဉ်ပိုင်ရှင်များကြား သတိပေးပြောဆိုမှုများရှိလာကြောင်း သိရသည်။ကားမီးလောင်ရသည့် အကြောင်းအရင်းအမျိုးမျိုးရှိပြီး ယာဉ်ပိုင်ရှင်မှ ထိန်းသိမ်းစောင့်ရှောက်မှုမှာ အဓိက ကျကြောင်း၊ ဆီယိုစိမ့်ခြင်း၊ ဂတ်စကတ်ပြတ်ခြင်း၊ Oil Seal နှင့် ဆီပိုက်ကြောင့်ဖြစ်တတ်ခြင်း၊ အင်ဂျင်အပူချိန် လွန်လာမှုကြောင့်ဖြစ်ပွား တတ်ခြင်း၊ ကျောက်ဆန်ခါ ပိတ်ဆိုခြင်း၊ ရေတိုင်ကီချိုယွင်းခြင်း၊ သာမိုစတက် ချိုယွင်း ခြင်း၊ ဝါယာရှော့ခ်ဖြစ်ခြင်း စသည့် အခြေအနေများစွာလည်းရှိကြောင်း ယာဉ်ပြုပြင်ရေးလုပ်ကိုင်နေသည့် ဝပ် ရှော့ဆရာများက ဆိုထားကြသည်။



