သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သော ကုလသမဂ္ဂအရာရှိများက ကမ္ဘာ့အသိုက်အဝန်းကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီးနောက် သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများသည် အရေးကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဌာနေညှိနှိင်းရေးမှူး Marcoluigi Corsi က နှစ်ရက်ကြာ လေ့လာမှုခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။



