back

ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် ဧပြီလ (၄)ရက်နေ့ကစပြီး မိုးထစ်ချုန်းရွာနိုင်

Apr 02 • 11:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် ဧပြီလ (၄)ရက်နေ့ကစပြီး မိုးထစ်ချုန်းရွာနိုင်

ငလျင်ဒဏ်သင့်ဒေသတချို့ အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ၂၀၂၅ခုနှစ် ဧပြီလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ နေရာကြဲကြဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းန...

ငလျင်ဒဏ်သင့်ဒေသတချို့ အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ၂၀၂၅ခုနှစ် ဧပြီလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ နေရာကြဲကြဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဧပြီလ(၂)ရက်နေ့ ညနေ(၃)နာရီ (၁၇)မိနစ်အချိန်က အသိပေးထားသည်။ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် နေရာကြဲကြဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု သတိပေးထားခြင်းဖြစ်သည်။လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ပြိုကျသည့် နေအိမ်အဆောက်အဦးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးများ လုပ်ကိုင်နေချိန်ဖြစ်ပြီး အဆိုပါ ကယ်ဆယ်ရေးနေရာများတွင် မိုးရွာသွန်းပါက ကယ်ဆယ်ရေးများ အခက်အခဲဖြစ်လာနိုင်သည်။



news-view-count-icon

27