back

"မန္တ​လေး၊ ဦးလှသိန်းဗိမာန်တော်ကြီးမှ သံဃာ​တော်အလောင်း ၈၀ ကျော်သယ်ထုတ်ရရှိထား"

Mar 31 • 2:32 PM

breaking-news

မြန်မာ

မန္တလေး

cover

"မန္တ​လေး၊ ဦးလှသိန်းဗိမာန်တော်ကြီးမှ သံဃာ​တော်အလောင်း ၈၀ ကျော်သယ်ထုတ်ရရှိထား"

စာဖြေသံဃာ ၂၀၀ ကျော် စာဖြေနေချိန် ၄ ထပ်လုံးပြိုကျပိတ်မိခဲ့တဲ့ မန္တ​လေး၊ မဟာအောင်မြေမြိုန့ယ် ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်း)ဗိမာန်တော်ကြီးကိုအိန္ဒိယ ကယ်ဆယ်ရေးအဖွဲ...

စာဖြေသံဃာ ၂၀၀ ကျော် စာဖြေနေချိန် ၄ ထပ်လုံးပြိုကျပိတ်မိခဲ့တဲ့ မန္တ​လေး၊ မဟာအောင်မြေမြိုန့ယ် ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်း)ဗိမာန်တော်ကြီးကိုအိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့ နဲ့ မီးသတ်ကယ်ဆယ်ရေးသမားများက နေ့ညမနား ကြိုးစားဆောင်ရွက်ပြီးသံဃာ​တော် အလောင်းတွေကိုထုတ်နေတာ အလောင်း ၈၀ ကျော်ရှိပြီလို့သိရပါတယ်။ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့သည် ဓမ္မာစရိယ စာမေးပွဲ ဒုတိယနေ့ဖြစ်ပြီး ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်းဗိမာန်) မှာ စာမေးပွဲဖြေဆိုတဲ့ သံဃာတော် စုစုပေါင်း ၁,၂၁၀ ပါးရှိတယ်လို့သိရပါတယ်။ ထိုဗိမာန်တွင် တိုးချဲ့ထားသည့် သုံးထပ်ဆောင် အဆောင်(၁) နှင့်( ၂) ပြိုကျခဲ့တာဖြစ်ပါတယ်။




news-view-count-icon

28