back

ဆောမြို့နယ်အတွင်းရှိ အရက်၊ဘီယာဆိုင်များကို အကန့်အသတ်မရှိယာယီပိတ်၊ ရောင်းချသူကို ဒဏ်ငွေ ရိုက်မယ်

Mar 27 • 11:52 AM

breaking-news

မြန်မာ

မကွေး

cover

ဆောမြို့နယ်အတွင်းရှိ အရက်၊ဘီယာဆိုင်များကို အကန့်အသတ်မရှိယာယီပိတ်၊ ရောင်းချသူကို ဒဏ်ငွေ ရိုက်မယ်

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်ဒေသအတွင်းရှိ အရက်၊ဘီယာဆိုင် များကိုအကန့်အသတ်မရှိယာယီ ပိတ်ထားရန်၊ဆက်လက်ရောင်းချသူများ တွေ့ရှိပါကဒဏ်ငွေ သိန်း ၅၀ ပေးဆောင်ရမယ်...

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်ဒေသအတွင်းရှိ အရက်၊ဘီယာဆိုင် များကိုအကန့်အသတ်မရှိယာယီ ပိတ်ထားရန်၊ဆက်လက်ရောင်းချသူများ တွေ့ရှိပါကဒဏ်ငွေ သိန်း ၅၀ ပေးဆောင်ရမယ်လို့ ယမန်နေ့ မတ်လ၂၆ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။အဆိုပါထုတ်ပြန်ချက်မှာတော့ အရက်၊ဘီယာ များသုံးစွဲကာဆောမြို့နယ်အတွင်း မူးယစ်ရမ်း ကားတာတွေဖြစ်ပြီးမလိုလားအပ်‌တဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပွားတာကြောင့် သက်ဆိုင် ရာကွက်ကဲရေး၊အုပ်ချုပ်ရေးအဖွဲ့များနဲ့ ညှိနှိင်း‌ ဆွေးနွေးပြီး ထုတ်ပြန်တာလို့ဖော်ပြထားပါတယ်။ဆက်လက်ပြီး ဆောမြို့နယ်အတွင်းရှိ အရက် ၊ ဘီယာအရောင်းဆိုင်များကို မတ်လ ၂၇ ရက်နေ့ကစပြီးအကန့်အသတ်မရှိ ယာယီပိတ်သိမ်း‌ တော့မှာဖြစ်သလို ၊ထုတ်ပြန်ထားတဲ့စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။



news-view-count-icon

15