back

ယူကရိန်း တိုက်ခိုက်မှုကြောင့် သတင်းထောက် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးဟု ရုရှားပြော

Mar 26 • 2:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယူကရိန်း တိုက်ခိုက်မှုကြောင့် သတင်းထောက် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးဟု ရုရှားပြော

ယူကရိန်းက အမြောက်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန့်စ်ဒေသရှိ ရုရှားအစိုးရ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေမှာ တာဝန်ကျနေတဲ့ သတ...

ယူကရိန်းက အမြောက်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန့်စ်ဒေသရှိ ရုရှားအစိုးရ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေမှာ တာဝန်ကျနေတဲ့ သတင်းထောက် ၂ ယောက်နဲ့ သူတို့ရဲ့ ယာဉ်မောင်း အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေနဲ့ မီဒီယာတွေက မတ် ၂၄ ရက်မှာ ပြောပါတယ်။ရုရှားနိုင်ငံ အီဇီယက်ရှာ မီဒီယာက စစ်သတင်းထောက် အလက်ဇန်းဒါး ဖယ်လ်ဒါချက်ခ်နဲ့ ကင်မရာသမား အန်ဒရေ ပါနော့ဗ်နဲ့ ဇဗက်စ်တာ ရုပ်သံလိုင်းအတွက် အလုပ်လုပ်တဲ့ ယာဉ်မောင်း အလက်ဇန်းဒါး စီယာကီလီတို့ သေဆုံးခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။


news-view-count-icon

19