ယူကရိန်းပဋိပက္ခဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ရုရှားနှင့်အမေရိကန်အရာရှိများကြား တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့၌ မတ်လ ၂၄ ရက် တွင် ထပ်မံကျင်းပခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြသည်။ နှစ်နိုင်ငံအရာရှိကြီးများ၏တွေ့ဆုံဆွေးနွေးပွဲကို ရီယက်မြို့ရှိ ရစ်ဇ်ကာတန်ဟိုတယ်၌ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်ယူ ပေးခဲ့ကြောင်း သိရသည်။



