ခြောက်သွေ့ပြီး လေထန်သောရာသီ ဥတုအခြေအနေက နိုင်ငံ၏အဆိုးရွားဆုံး တောမီးကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများအား အဟန့်အတားဖြစ်စေသောကြောင့် တောင်ကိုရီးယား၌ ပြင်းထန် တောမီးများသည် ညပိုင်းတွင် ပိုဆိုးလာခဲ့သည်ဟု မတ်လ ၂၅ ရက်တွင်တာဝန်ရှိသူများက ပြောကြားခဲ့သည်။လွန်ခဲ့သောရက်ပိုင်းတွင် တောမီးတစ်ဒါဇင်ကျော်လောင်ခဲ့သည်ဟု ဘေးကင်းရေးဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းတောမီးများကြောင့် ဟက်တာထောင်ချီမီးလောင်ခံခဲ့ရပြီး လေးဦးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။“တောမီးတွေက အခုချိန်ထိ ဟက်တာ ၁၄၆၉၄(ဧက ၃၆၃၁၀) နီးပါးကို လောင်ထားပါတယ်။ ထိခိုက်ပျက်စီးမှုဟာ ဆက် လက်တိုးနေပါတယ်”ဟု ယာယီပြည်ထဲရေး နှင့်ဘေးကင်းရေး ဝန်ကြီး ကိုကီဒွန်ကပြောကြားခဲ့သည်။



