ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ အမှုတွေကို ဖြေဆိုရမယ်အမှု ကိစ္စမရှိဘူးလို့ ၎င်းရဲ့သမီးဖြစ်သူ ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒူတာတေးဟာ လက်ရှိအချိန်မှာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါးစစ်ပွဲလုပ်ဆောင်ခဲ့ရာ လူပေါင်း ထောင်ချီသေဆုံးခဲ့တယ်လို့ စွပ်စွဲပြောဆိုခံရပြီး နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ စွဲချက်တင်ခံရကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမှုကို ပထမဆုံးကြားနာခဲ့တယ်လို့ သိရပါတယ်။



