back

ပြည်တွင်းရှိ တိုင်းဒေသကြီးအချို့တွင် နေ့အပူချိန်တိုးနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထား

Mar 25 • 7:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ တိုင်းဒေသကြီးအချို့တွင် နေ့အပူချိန်တိုးနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထား

လာမယ့်နောက်(၂)ရက်အတွင်း တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်တွေ အနည်းငယ်တိုးလာနိုင်တယ်လို့ မတ်လ(၂၅)ရက် မနက်ပိုင်းမှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေ...

လာမယ့်နောက်(၂)ရက်အတွင်း တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်တွေ အနည်းငယ်တိုးလာနိုင်တယ်လို့ မတ်လ(၂၅)ရက် မနက်ပိုင်းမှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။မတ်လ(၂၅)ရက် မနက်ပိုင်းကနေ လာမယ့်နောက်(၂)ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေ့အပူချိန်တွေ အနည်းငယ်တိုးလာနိုင်တယ်လို့ ထုတ် ပြန်ထားတာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့အရှေ့ပိုင်း)တွေမှာတော့ မတ်လပျမ်းမျှအပူချိန်လောက်သာ ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။





news-view-count-icon

22