ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြေအောက်လျှပ်စစ်ပိုက်လိုင်းအတွင်း သန့်ရှင်းရေးပြုလုပ်သည့် မြန်မာအလုပ်သမား (၂) ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မတ်လ ၂၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်က ဘန်ကောက်မြို့၊ ဘန်စုနယ်မြေ၊ ပရချာချွုန့်လမ်းရှိ မြေအောက်လျှပ်စစ်ပိုက်လိုင်းအတွင်းသို့ ဝင်ရောက်၍ သန့်ရှင်းရေးပြုလုပ်ခဲ့သည် မြန်မာအလုပ်သမား (၂) ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။



