ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်မြို့၊ ကောင်းမူးလွယ် ရပ်ကွက်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးတစ်ဉီးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးပြန်ပေးဆွဲသွားကြောင်း ဒေသခံများထံက သိရပါတယ်။မတ်လ ၂၄ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့၊ ကောင်းမူးလွယ်ရပ်ကွက်၊ မီးကင်းရုံးအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်ပေါ်မှ အတင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသလိုမျက်နှာဖုံးစွပ်ထားသည့် ပြန်ပေးသမား ၃ဦးက အမျိုးသမီးကို အတင်းဆွဲခေါ်သွားပြီး Crown ကားဖြင့် မောင်းသွားစဥ် ဆိုင်ကယ်မှာလဲကျ ကျန်ခဲ့သလို အခြားသူများလည်းရှိနေသည်ကို CCTV တွင် တွေ့ရပါတယ်။



