မကြာခင်အချိန်အတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူခြိမ်းခြောက်ထားတဲ့ မော်တော် ယာဉ် အခွန် စည်းကြပ်မှု အားလုံးကို စတင်ချမှတ်ကောက်ခံတော့မှာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း အမေရိကန်ပြည်ထောင်စုကို တင်သွင်းလာတဲ့ မော် တော်ယာဉ်တွေကို အခွန် ၂၅ ရာခိုင် နှုန်းအထိ ကောက်ခံသွားမှာဖြစ်ပေမယ့် နိုင်ငံအချို့ကိုတော့ ကင်းလွတ်ခွင့်ပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။



