“ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ဖမ်းဆီးခြင်း မခံရမီ တရုတ်နိုင်ငံဘက်သို့ ခိုလှုံခွင့်လျှောက်ထားခဲ့ကြောင်း သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်” ဟု သတင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ မစ္စတာ ဒူတာတေး တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ သွားရောက်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဟောင်ကောင်ဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာရုံးက ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း သဘောထား ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ဒူတာတေး၏ ခိုလှုံခွင့်တောင်းခံမှု မည်သည့်အခါကမျှ လက်ခံရရှိထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို
Mar 25 • 6:11 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


