ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့၊ စံကားအင်းဒေသရှိ လူ၆၀၀၀ကျော်ဟာ လက်ရှိအချိန်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ အဝတ်အစားတွေ အရေးပေါ်လိုအပ်နေတဲ့အတွက် ပါဝင်ကူညီ လှူဒါန်းပေးကြစေလိုကြောင်း စစ်ဘေးရှောင်အရေး ကူညီသူအရေး ကူညီနေသူတွေက ပြောပါတယ်။စံကားအင်းတစ်လျှောက်ရှိ ဒုက္ခသည်စခန်းတွေမှာ စစ်ဘေးရှောင် ၄၀၀၀ကျော် ရောက်ရှိခိုလှုံနေကြသလို နေအိမ်ငှားရမ်းနေထိုင်သူတွေ၊ ဂိုဒေါင်တွေ၊ ပွဲရုံတွေမှာ နေထိုင်ကြသူတွေ ၂၀၀၀ကျော်ရှိနေပြီး လက်ရှိမှာ ရိက္ခာမလုံလောက်မှုအပြင် သောက်သုံးရေမလုံလောက်မှုတွေပါ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊စံကားအင်းက လူ ၆၀၀၀ခန့် စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ အဝတ်အစားများ အရေးပေါ်လိုအပ်နေ
Mar 25 • 5:48 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


