၂၅.၃.၂၀၂၅ ရက်ယနေ့၊ ၁၀ နာရီ၀၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်၊ ငါ့လင်းပုတ်ကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပွားလျက်ရှိသော အိမ်ထောင်စုများအား တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၃၂၀၀) အား သွားရောက်လှူဒါန်းခဲ့ပါတယ်။



