ရန်ကုန်မြို့တွင် ညပိုင်းအချိန်များ၌ စည်းကမ်းမဲ့စွာ ယာဉ်မောင်းနှင်မှုများလာခြင်း ကြောင့် လမ်းအသုံးပြုသူများအတွက် ယာဉ်အန္တရာယ်များလာနေကြောင်း သိရသည်။မီးပွိုင့်မလိုက်ဘဲ ဖြတ်သွားမှုများ၊ အရှိန်လွန်မောင်းနှင်မှုများကြောင့် ညချင်းမောင်းနှင်သူများ သတိထားမောင်းနှင်ရန် လိုအပ်လာပြီး အထူးသဖြင့် အိမ်စီးယာဉ်များ၊ တက္ကစီများနှင့် ကုမ္ပဏီလုပ်ငန်းသုံးယာဉ်များ တွင်လည်း ထိုသို့သောမောင်းနှင်မှုများများပြားလာသည်။လွန်ခဲ့သောရက်များအတွင်း မြို့တွင်းနှင့် အနီးတဝိုက်တွင် ယာဉ်တိုက်မှုများဖြစ်ပွားခဲ့ခြင်း၊ တိုက်မိပါက ထွက်ပြေးသွားမှုများရှိလာခြင်း တို့ကြောင့် ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာများသည် ပိုမိုသတိထားနေရသည့် အခြေအနေဖြစ်လာသည်။



