တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ကို ဆက်သွယ်ထားသည့် မင်းသန်း-မောင်းလှော် (တနင်္သာရီတံတား) ကို ပြီးစီးမှုရာနှုန်းပြည့်ပြီးဖြစ်၍ မကြာမီဖွင့်လှစ်မည်ကြောင်း သိရသည်။တံတားကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးဆုံးခဲ့ရာ ကျပ် ၁၃ ဘီလျံကျော် အကုန်အကျခံ၍ တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့ (၄) မှ တာဝန်ယူ ဆောက်လုပ်ခဲ့သည်။တံတားအရှည် ၆၄၀ မီတာ (၂၁၀၀ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၂၂ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၆ ပေရှိပြီး မြိတ်မြို့နယ် မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာ ကို ချိတ်ဆက်ပေးမည်ဖြစ်သည်။



