ထိုင်း-မြန်မာနယ်စပ်၊ ကယားပြည်နယ်ရှိ ကယားဒုက္ခသည်စခန်းတခုမှာ မသန့်ရှင်းတဲ့ရေကို အသုံးပြုနေရတာကြောင့် ကလေးငယ် ၁၀၀ နီးပါးဟာ ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်ကစတင်ပြီး အရေပြားရောဂါ ဖြစ်ပွားနေကြတယ်လို့ ကူညီနေသူတွေထံကနေ သိရပါတယ်။အဲဒီဒုက္ခသည်စခန်းမှာ သောက်သုံးရေတွေကို မသန့်ရှင်းတဲ့ ရေတွေကိုသာ အသုံးပြုနေရတဲ့အတွက် ကလေးငယ် ၉၀ကျော်၊ ၁၀၀နီးပါးခန့်သာ အရေပြားတွေမှာ အနာပေါက်တဲ့ ရောဂါဖြစ်ပွားနေကြသလို လူကြီး ၂၀ခန့်ဟာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။ ရေထွက်ပေါက်ကနေ ထွက်ရှိတဲ့ ချောင်းရေတစ်ခုတည်းကို အားထားပြီး သောက်သုံးတာ၊ ချက်ပြုတ်တာ၊ ရေချိုး အဝတ်လျှော်တာတွေကို ရောနှော အသုံးပြုနေရတာကြောင့် ရေဟာ မသန့်ရှင်းတော့ဘဲ အခုလို အရေပြားအနာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။
Mar 25 • 3:40 AM
မြန်မာ
ကယား
မျှဝေမည်
| 18 | 0 | 0 | 0 |


