ဂျပန် အစိုးရမှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဂျပန်မှာ ဆန်ဈေး မြင့်တက်နေခဲ့သော်လည်း အိမ်ထောင်စုများ၏ ဆန်ဝယ်ယူသည့် ပမာဏသည် ၂၀၂၃ ခုနှစ်ထက် ၆.၃% ပိုများခဲ့သည်။ ကိုဗစ်ကပ်ရောဂါကာလ အိမ်မှာသာ နေကြရသဖြင့် ဆန်ဝယ်ယူ စားသုံးမှု မြင့်တက်လာခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစ၍ ပိမ်ထောင်စုများ၏ ဆန်ဝယ်ယူမှု တနှစ်တက်တနှစ် ပိုများလာခဲ့သည်။ ၂၀၂၄ တွင် အိမ်ထောင်စု တစု၏ ဆန်ဝယ်ယူမှု ၆၀.၂၀ ကီလိုဂရမ် ရှိခဲ့ပြီး ၂၀၂၃ ထက် ၃.၅၅ ကီလိုဂရမ် ပိုများသည်။ ဂျပန်တွင် ဆန်ဈေး မြင့်တက်နေဆဲ ဖြစ်သည်။ ၂၀၂၅ ဖေဖော်ဝါရီလတွင် ယခင်နှစ်ထက် ၈၀.၉% ပိုများသည်။
| 13 | 0 | 0 | 0 |


