back

ရီယတ်မြို့၌ အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲ ပြီးဆုံးသွားပြီဖြစ်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး ပြော

Mar 25 • 1:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီယတ်မြို့၌ အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲ ပြီးဆုံးသွားပြီဖြစ်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး ပြော

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမ...

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ်က မတ် ၂၃ ရက်၌ ကြေညာခဲ့ပြီး ယင်းဆွေးနွေးမှုမှာ ထိရောက်အကျိုးရှိ၍ ‌လေးလေးနက်နက်ရှိခဲ့ပြီး စွမ်းအင်အပါအဝင် အဓိကအချက်များကို ဖြေရှင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ မျှော်မှန်းချက်မှာ ယူကရိန်းနှင့် ဥရောပအတွက် တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်ပင်ဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် အူမာရော့ဗ်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ အလေးအနက်ပြောကြားခဲ့သလို ၎င်းတို့အနေဖြင့် ထိုမျှော်မှန်းချက်အတိုင်း လက်တွေ့ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။


news-view-count-icon

12