မတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်ကအသက် ရှစ်ဆယ်ကျော်အရွယ် အမေကြီး နေအိမ်မှာတစ်ဦးတည်းရှိနေစဉ် ဓားနဲ့ထိုးခုတ် သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်ကနေအိမ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ရွှေကြေးစည်လူမှုကူညီရေး အသင်းထံကနေ သိရပြီးအဆိုပါအမေကြီးကို ထိုးခုတ်သတ်ဖြတ်သွားသူကိုလည်း သိမြင်လိုက်သူမရှိလိုက်ဘဲ အမေကြီးလဲကျနေတာကိုသာမြင်တွေ့ပြီး မူးလဲကျကာ ထိခိုက်ဒဏ်ရာရရှိကြတယ်လို့ ပတ်ဝန်းကျင်က ထင်မိတာလည်းဖြစ်ပါတယ်။



