ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစီမံကိန်းအရ ဧက ၂၅၀၀ စိုက်ပျိုးထားရာ ရွှေလွင်မြေစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်မှ ဧက ၂၀၀ စိုက်ပျိုးထားသည့် နွေစပါးများ အောင်မြင်ဖြစ်ထွန်းနေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



