ပဲခူးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မတ် ၂၄ ရက်က ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ကျင်းပခဲ့ပြီး သင်တန်းသား ၄၅၀ ဦး တက်ရောက်ကာ သင်တန်းနည်းပြ ၁၄ ဦးက မေ ၃၀ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။



